မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် မြန်မာ-ထိုင်းနယ်စပ်ဖြတ်ကျော်
အင်တာနက်ဆက်ကြောင်းအား တရုတ်နှင့် အိန္ဒိယနိုင်ငံများဘက်သို့ လွှဲ
ပြောင်းချိတ်ဆက်ထားကြောင်း အဆိုပါလုပ်ငန်း၏ တာဝန်ရှိသူတစ်ဦးက
ဆိုသည်။

မြန်မာ-ထိုင်း ကုန်းတွင်းနယ်စပ်ဖြတ်ကျော် အင်တာနက်ဆက်ကြောင်းအား
ယခုကဲ့သို့ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံဘက်သို့ လွှဲပြောင်းချိတ်ဆက်ထား
ရာတွင် တရုတ်နိုင်ငံ၏ မိုဘိုင်းနည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သော China
Telecomနှင့် အိန္ဒိယနိုင်ငံ၏ မိုဘိုင်းနည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သည့် Ta Ta
ကုမ္ပဏီတို့နှင့် ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

မြဝတီနယ်စပ်မြို့အတွင်း ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ဖြစ်ပေါ်ခဲ့သည့်
အခြေအနေအချို့ကြောင့် အဆိုပါ ထိုင်း-မြန်မာ ကုန်းတွင်းနယ်စပ်ဖြတ်ကျော်
အင်တာနက်ဆက်ကြောင်းအား ခေတ္တဖြုတ်ချထားရခြင်း ဖြစ်သဖြင့် အင်တာ
နက်ဆက်သွယ်မှုများ လုံးဝ မပြတ်တောက်သွားစေရန်အတွက် တရုတ်နှင့်
အိန္ဒိယနိုင်ငံများ၏ နည်းပညာကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်လိုက်ရ
ခြင်းဖြစ်ကြောင်း သိရသည်။

အိမ်နီးချင်းနိုင်ငံများနှင့် ကုန်းတွင်းနယ်စပ်ဖြတ်ကျော် အင်တာနက်ဆက်ကြောင်း
ကိုးခုရှိပြီး ၎င်းတို့တွင် မြန်မာ-ထိုင်း အင်တာနက်ဆက်ကြောင်း၊ မြန်မာ-တရုတ်
ကုန်းတွင်းနယ်စပ်ဖြတ်ကျော် အင်တာနက်ဆက်ကြောင်း၊ မြန်မာ-အိန္ဒိယ ကုန်း
တွင်းနယ်စပ်ဖြတ်ကျော် အင်တာနက်ဆက်ကြောင်းများ ဖြစ်သည်။

ပြည်တွင်း အင်တာနက်ဆက်သွယ်မှု စနစ်များမှာ ပြီးခဲ့သည့် အောက်တိုဘာလဆန်း
ပိုင်း ကာလများမှစတင်ပြီး တဖြည်းဖြည်းချင်း နှေးကွေးကျဆင်းခဲ့ပြီး နိုဝင်ဘာလဆန်း
ပိုင်းမှ ၅ ရက်အထိ သိသာစွာကျဆင်းခဲ့ပြီး ရွေးကောက်ပွဲ မကျင်းပမီ တစ်ရက်အလို
ဖြစ်သော နိုဝင်ဘာ ၆ ရက်နေ့တွင် ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်ခဲ့သည်။

ထိုမှတစ်ဖန် နိုဝင်ဘာလ တတိယပတ်အတွင်းတွင် ပြည်တွင်း အင်တာနက်ဆက်
သွယ်မှုများမှာ နောက်ထပ်တစ်ကြိမ် သိသာစွာကျဆင်းခဲ့သဖြင့် အင်တာနက်ကို
အဓိက သုံးစွဲနေရသည့် စီးပွားရေးလုပ်ငန်းများအားလုံး အကျပ်အတည်းများ ဖြစ်
ပေါ်လျက်ရှိသည်။


0 comments:

Post a Comment