ကမ္ဘာ့ပထမဆုံး 3D Camcorder

Posted by မိတ်ဆွေ On Wednesday, July 28, 2010 0 comments



ဗီဒီယိုကင်မရာ ဝါသနာရှင်တို့  ဝမ်းသာဖွယ် သတင်းတစ်ပုဒ်ဖြစ်ပေသည်။
ဂျပန်အီလက်ထရွန်းနစ် ကုမ္ပဏီ Panasonic Corporation သည် ဇွန်လ
၂၈ ရက်နေ့ က သာမန်သုံးစွဲ သူများအတွက် ကမ္ဘာ့ ပထမဆုံး 3D ရိုက်
ကူးနိုင်မည့် Camcorder ကို ထုတ်ဖေါ်ပြသခဲ့ ရာမှန်ဘီလူး နှစ်ခု ပါဝင်
သော 3D Conversion lens ( 3D ပြောင်းလဲရေး မှန်ဘီလူး ) ကို
Camcorder တွင် တပ်ဆင်လိုက်ရုံဖြင့် မည်သူမဆို 3D ရုပ်ရှင်များ ဖန်
တီးနိုင်ကြပြီ ဖြစ်သည်။


3d ကင်မရာမှ မှန်ဘီလူးများ ရုပ်ရှင်ရိုက်ကူးရာတွင် ပုံရိပ် အနီးအဝေးအလိုက် ချိန်ညှိပုံ


3D ရိုက်ကူးနိုင်မည့် Camcorder အပြင် Panasonic ၏ 3D ထုတ်လုပ်ရေး
လိုင်း သို့  အသစ်ဝင်ရောက်လာသော ပစ္စည်းများမှ FULL HD 3D Vieraplasma
TV နှင့် 3D Bul-ray Disc player တို့ လည်းပါဝင်သည်။ ၎င်းတို့ ကို ပေါင်းစပ်
အသုံးပြုပြီး အိမ်တွင်း 3D ရုပ်ရှင်ဖန်တီးမှုနှင့်ကြည့်ရှုမှုကို အပြည့်အဝ လုပ်ဆောင်
နိုင်မည်ဖြစ်သည်။

ယခုအသစ်ထုတ်လုပ်လိုက်သော 3D Camcorder တွင် Panasonic ၏ 3 MOS
system လည်းပါဝင်မည်ဖြစ်ရာ ယခင်က Professional 3D ကင်မရာများကို
အသုံးပြု၍ ရုပ်ရှင် ထုတ်လုပ်သူများသာ ပြုလုပ်ဖန်တီးနိုင်ကြသော 3D ရုပ်ရှင်များ
ကို လူတိုင်း လွယ်ကူစွာ ပြုလုပ်နိုင်မည့် ကြီးမားသော နည်းပညာဆိုင်ရာ အပြောင်း
အလဲတစ်ခုလည်းဖြစ်သည်။

ကုမ္ပဏီမှ အဆိုပါ Camcorder ကို လာမည့် သြဂုတ်လ ၂၀ တွင် စတင်ရောင်း
ချမည် ဖြစ်ပြီးကျန်ကမ္ဘာ့ နိုင်ငံများသို့ ယခုနှစ်ဆောင်းရာသီတွင် ရောင်းချသွား
မည်ဟု ပြောကြားပါသည်။

0 comments:

Post a Comment