အင်းလေးအကြောင်းတစ်စေ့တစ်စောင်း

Posted by မိတ်ဆွေ On Friday, June 25, 2010 0 comments

ညောင်ရွှေမြို့ကနေ ဖောင်တော်ဦးဘုရားသွားဖို့ လှေဆိပ်မှာ လှေစီးရပါတယ်။
ဘုရားက ညောင်ရွှေမြို့ရဲ့ (၁၃)မိုင်အကွာမှာ ရှိပါတယ်။ လှေဆိပ်ကရေခန်းတဲ့
အတွက် လှေဝမ်းလည်း မြေကပ်နေပါပြီ။




ဘေးဝဲယာအိမ်အုတ်ရိုးတွေမှာ ကျန်နေတဲ့အရာတွေကို
ကြည့်ခြင်းအားဖြင့်
အရင်က ရေအမြင့်ကိုသိနိုင်ပါတယ်။



အင်းရေအပြင်အထွက် ချောင်းဘေးမှာ ခုတော့
အမှိုက်ကောက်တဲ့ ကလေးငယ်တွေနဲ့....



ဒီလိုစက်တွေနဲ့ တူးနေတာကို လမ်းတစ်လျှောက်
(၃)နေရာလောက် တွေ့ခဲ့တယ်



ရေထဲကအိမ်တွေ ခုတော့ ကုန်းပေါ်မှာတင်လို့....



တောင်တွေကာရံထားတဲ့ အလယ်မှာ အင်းလေးရေပြင်ပြာတဲ့...
(၄)မိုင်အထိ အင်းရေတွေ မပြာနိုင်ခဲ့တော့ပါဘူး
ဝါကျင်ကျင် ရွံရေတွေအဖြစ်နဲ့သာ ရှိနေပါတယ်



ဟိုးဝေးဝေးက ဘိုတဲလည်းခြေတံရိုးတွေရှည်လို့...



အင်းလယ်ခေါင် (၆)မိုင်လောက်ရောက်မှ
အင်းရေကသူ့နဂိုရုပ်အတိုင်း
နည်းနည်းပြာလာတယ်ဒါတောင်
ဟိုးဝေးဝေးက ရွာတွေက ကုန်းပေါ်တင်လို့...
လူတစ်ရပ်စာ((၅)ပေ)လောက်
ရေခန်းသွားပါသတဲ့...



အင်းရေပြင်က ကြည်လိုက်၊ နောက်လိုက်
ရေမှော်တွေ၊ သိုက်တွေနဲ့ ငါးရှာနေသူတွေ



အရင်က ဒီနေရာမှာ ဖောင်တော်တိမ်း
မှောက်ခဲ့ဖူးတယ်။တစ်ချိန်က ဟသာင်္ငှက်
နုတ်သီးအထိ ရေကြီးဖူးသတဲ့....
ခုတော့ ဟသာင်္ငှက်လည်း ရေလယ်
ခေါင်မှာရပ်ပြီး ရေငတ်လို့နေတယ်...



ဘုရားအဝင်လမ်းမှာ တချို့နေရာဆို
မြေသားတွေတောင် ပေါ်တယ်



အသွားမတော်ရင် အခုလို မော်တော်
ဆင်းတွန်းရလိမ့်မယ်"ရွာမ"
သွားတဲ့လမ်းခွဲမှာဖြစ်ပါတယ်
ရွာမရေပေါ်ဈေးလည်း ရေမရှိလို့
မလုပ်နိုင်တော့ဘူးတဲ့..



အရင် သူငယ်ချင်းတစ်ယောက်
ပို့ပေးဖူးတဲ့ပုံပါ
ရွာမ၊ ရွာမဈေးဖြစ်ပါတယ်



ဖော်တော်ဦးဘုရားကတော့ မြင်တဲ့အတိုင်းပါပဲ
လှေကားထစ်တွေတောင် ထပ်နိမ့်ထားရတယ်



ဖောင်တော်



မော်တော်ဆိုက်ရာနေရာမှာ မြေသားတွေက
ပျော့အိပျော့အိစက်လှေသမားနဲ့
ကလေးငယ်တွေက ပြောပါတယ်
"ဖြည်းဖြည်းဆင်း ကျွံကျမယ်။
အောက်က အပွါကြီးတဲ့"



အင်းသား ကောက်ညှင်းကျည်ထောက်ပါတဲ့။
(၃)စည်း ငါးရာကျပ်ဖြစ်ပါတယ်။



အများဖူးရအောင်



အင်းလေးကန်က
ဒီလိုစီးဆင်းဖြစ်တည်ပါသတဲ့...



ဘုရားဘေးက စားသောက်ဆိုင်၊ လက်ဆောင်ဆိုင်တွေဆီ
စက်လှေနဲ့မရောက်တော့ဘူး။တံတားနဲ့ပဲ ရောက်တော့တယ်။
ဟိုး အနီရောင်မှတ်တိုင်မှာ ရေအမြင့် ငါးပေဆိုတဲ့နေရာက
ရွံ့တွေနဲ့ ပေနေပါတယ်။



ဘုရားအပြန်မှာ အရင်ကလို မော်တော်တွေ ရွာထဲ
လှည့်ပတ်မပြန်နိုင်တော့ဘူး
ချောင်းတွေမှာ ရေနည်းကုန်လို့ပါ..



ရွံ့တွေ နှုန်းတွေကို ဒီလိုလည်း စုပ်ထုတ်နေကြတာပဲ
ဒီလိုစက်မျိုး (၂)နေရာလောက်တွေ့ခဲ့တယ်။
ဒါပေမယ့် ကန်ရေပြင်က ကျယ်တော့ လုပ်အားနဲ့မမျှသလိုပါပဲ..
ရေကျသွားလို့လားမသိ ဘယ်နေရာကြည့်ကြည့် မြက်ရိုင်းတွေချည်းပဲ...
ကျွန်းမျောတွေဘက် လှေနဲ့လည်း မရောက်နိုင်၊
ခြေကျင်လည်း မသွားရဲဖြစ်နေသတဲ့
မြေသားတွေပျော့ပြီး ကျွံကျမှာစိုးလို့ပါတဲ့...





ဖော်တော်ဦးဘုရားကအပြန် ညောင်ရွှေမြို့နဲ့
မနီးမဝေးက ဘုရားဘက် လှည့်ဝင်ခဲ့သေးတယ်
တောင်ကြီး-ညောင်ရွှေကားဂိတ်တောင်
ရေမရှိလို့ အဲဒီဘုရားဘက်အထိ ရွေ့ခဲ့ပြီတဲ့..



စက်လှေလည်း ရေပေါ်မဆင်းနိုင်ရှာတော့ဘူး



ညောင်ရွှေမြို့ပေါ်က ဘုရားတချို့ပါ



ညောင်ရွှေစော်ဘွား အုတ်ဂူလို့ ပြောပါတယ်

0 comments:

Post a Comment