ကျပ် တသောင်း တန် သတင်း နေပြည်တော်တွင်ပျံ့နှံ့ 

Posted by မိတ်ဆွေ On Thursday, December 2, 2010 0 comments


နေပြည်တော်ရှိ ဆောက်လက်စ လွှတ်တော် အဆောက်အအုံသစ် အနီး၌ အလုပ်
သမားများ အလုပ်လုပ်နေသည်ကို မတ်လ ၂၇ ရက်နေ့က တွေ့မြင်ရစဉ်

ဘဏ္ဍာရေးပြဿနာများဖြေရှင်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် လာမည့် နှစ်ဆန်းပိုင်းတွင်
ငွေစက္ကူ အသစ် ထုတ်ဝေ သွားရန် ပြောဆိုနေသည်ဟု နေပြည်တော် အသိုင်းအ
ဝန်းကြားတွင် ပျံ့နှံ့ နေသည်။

“ဒီဇင်ဘာ ဒါမှမဟုတ် နှစ်ဆန်းမှာ ကျပ် တသောင်း တန် ငွေစက္ကူသစ် ထုတ်မယ်
ဆိုပြီး ပြောနေတယ်။ အဓိက ဘဏ္ဍာရေး အခြေအနေကို အမြန်ဆုံးဖြေရှင်းနိုင်မယ့်
နည်းကို ရွေးချယ်တာလို့ ခန့်မှန်းကြတာပါပဲ”ဟု နေပြည်တော် အရာရှိတဦးက
ပြောသည်။

ထို့အပြင် လက်ရှိ နေပြည်တော်တွင် တည်ဆောက်နေသည့် အဆောက်အအုံ
စီမံကိန်းများအတွက် ဆောက်လုပ်ရေး ကုမ္ပဏီ ကြီးများကို ကျပ် ဘီလီယံ
ပေါင်းများစွာ ပေးရန် ရှိသည်ဟု ၎င်းက ပြောဆိုသည်။

“ပုဂ္ဂလိက အိမ်ရာ၊ ဆေးရုံ၊ ရုံး အဆောက်အအုံတွေအတွက် အစိုးရကနေ ဆောက်
လုပ်ရေး ကုမ္ပဏီတွေကို ဘယ်ကုမ္ပဏီက ဘယ်နေရာတွေ တည်ဆောက်ဆိုပြီး ခွဲ
ချပေးထားတယ်။ ဘီလီယံနဲ့ ချီပြီးပေးရမယ့် အကြွေးတွေအတွက် လောလောဆယ်
အသုံးစရိတ်တွေအတွက် သုံးထားတာတွေရှိတော့ မပေးနိုင်သေးဘူး”ဟု အရာရှိတ
ဦးက ပြောသည်။

၂၀၀၉ ခုနှစ်ကလည်း ၎င်း၏ အသုံးစရိတ် လိုငွေပြမှုကို ဖြေရှင်းလိုခြင်းကြောင့် ၂၀၀၉
ခု အောက်တိုဘာလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၅၀၀၀ ကျပ် တန်
များ ထုတ်ဝေခဲ့သည့် ဖြစ်စဉ်များရှိသောကြောင့် ယခုတကြိမ် တွင် လည်း အလားတူ
လုပ်ရပ်မျိုး ဖြစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။

ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီ
ရိမြို့နယ် တို့ကို နေပြည်တော် အထူး ခရိုင်ဟု သတ်မှတ်ကာ တည်ဆောက်ရေးလုပ်
ငန်းများကို တိုးချဲ့လုပ်ကိုင်နေလျက်ရှိသည်။

မြို့တော်သစ် နေပြည်တော်ကို တည်ဆောက်၍ အုပ်ချုပ်ရေး မြို့ တော် အဖြစ် ၂၀၀၅
ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြောင်းရွှေ့ခဲ့ပြီး ရုံး အဆောက်အအုံများ၊ ပန်းဥယျာဉ်
များ၊ တိရစ္ဆာန် ရုံများ၊ ဟိုတယ်ဇုန် များကို ခမ်းနားကြီးကျယ် စွာတည်ဆောက်ခြင်း၊
လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် လမ်းများဖောက်လုပ်ခြင်းတို့ဖြင့် နေပြည်
တော်ကို စည်ကား စေရန် ပြုလုပ်ခဲ့သည်။

“ရုံး အဆောက်အအုံတွေဆိုလည်း အကြီးကြီးတွေနဲ့ ခမ်းခမ်းနားနားဆောက်၊ အတွင်း
ပိုင်း ပြင်ဆင်မှုတွေဆိုရင်လည်း တကယ့် ကို အကုန်ကျခံလုပ်ထားတော့ ဒီအတွက်
လောလောဆယ် ဆောက်လုပ်ရေးကုမ္ပဏီတွေက စိုက်ပြီး လုပ်နေတာပေါ့။ အကုန်
လုံးပြီးသွားရင်တော့ ဘယ်ကုမ္ပဏီက ဘယ်လောက် တာဝန်ယူထားတာအတွက် ရှင်း
ပေးမှာမျိုး။ နေပြည်တော် တည်ဆောက် လုပ်ရေးလုပ်ငန်းခွင်မှာ လုပ်ခွင့်ရနေတာက
လည်း နီးစပ်တဲ့သူတွေ ချည်းပဲ”ဟု နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းခွင်မှ
အင်ဂျင်နီယာတဦးက ပြောသည်။

နေပြည်တော် ဆောက်လုပ်ရေး စီမံကိန်းများကို မက်စ်မြန်မာ၊နေပြည်တော် ဆောက်
လုပ်ရေး၊ ထူး ကုမ္ပဏီ၊ အေ၀မ်း ကုမ္ပဏီ စသည့် ပုဂ္ဂလိက ဆောက်လုပ်ရေး ကုမ္ပဏီ
၂၂ ခု က လုပ်ကိုင်ခွင့်ရရှိထားကြောင်း သိရသည်။





0 comments:

Post a Comment