ခေါစာပစ်မယ်

Posted by မိတ်ဆွေ On Wednesday, July 28, 2010 0 comments

အဟံကျွန်ုပ် မှန်တာလုပ်၍

မုသား ဗလာနှင့်

သစ္စာဝါဒီ ချဲ့ ထွင်မည် ။

ဒုက္ခလှိုင်းပိုး ခံစစ်ထိုးလို့ 

သမုဒ္ဒရာဝမ်း ခြောက်ကာခမ်းခဲ့ 

ရေကြည်တစ်ပေါက် လမ်းတွင်ပျောက်

တောင့်တလေသူ တို့ ပြည်သူ ။

ထွက်ရပ်ပေါက်အသွင် သူကြိုမြင်

အဿပြာလမ်း မြော်ကာမှန်း

ပေးကမ်းစေလို NGO

အလိမ္မာလျှာ အရိုးမပါ

ပြည်ရွာကောင်းကြိုး သူသယ်ပိုးဟု

လိမ်ညာစားသောက် သစ်စ္စာဖေါက်

ဒင်းလိုလူကို ဆကျင်လျှိုလို့ 

အပိုင်းပိုင်းထစ် ခေါစာပစ် ။ ။


0 comments:

Post a Comment