စိတ်လက်ပေါ့ပါး ( ၃ )

Posted by မိတ်ဆွေ On Monday, August 30, 2010 0 comments

စိတ်လက်ပေါ့ပါး အမှတ် ( ၂ )

Posted by မိတ်ဆွေ On Sunday, August 29, 2010 0 comments


-- - More videos at မြန်မာပြည်သား



ရယ်မောခြင်းဖြင့် ဘဝအမောများ ပြေပျောက်နိုင်ကြပါစေ။












>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

စိတ်လက်ပေါ့ပါး အမှတ် ( ၁ )

Posted by မိတ်ဆွေ On 0 comments


-- - More videos at မြန်မာပြည်သား



ရယ်မောခြင်းဖြင့် ဘဝအမောများ ပြေပျောက်နိုင်ကြပါစေ။

>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

Google မှ Gmail ဖြင့် အခမဲ့  ဖုန်းခေါ်နိုင်ပြီ

Posted by မိတ်ဆွေ On Friday, August 27, 2010 0 comments

အင်တာနက် အင်အားကြီး ကုမ္ပဏီ Google သည် သြဂုတ်လ ၂၅ ရက်နေ့မှ
စတင်၍ ၎င်း၏ Gmail စနစ်အတွင်း ဖုန်းခေါ်ဆိုနိုင်သည့် ဝန်ဆောင်မှုကို ထည့်
သွင်းခဲ့ရာ ယူအက်စ် နှင့် ကနေဒါ နိုင်ငံများရှိ ဖုန်းများသို့ အခမဲ့ ခေါ်ဆိုနိုင်ပြီး
ကျန်ကမ္ဘာ့နိုင်ငံများသို့ အလွန်သက်သာသော နှုန်းထားဖြင့် ခေါ်ဆိုနိုင်ပြီဖြစ်
ကြောင်း သိရသည်။

Gmail အတွင်းရှိ ဗီဒိယို ဆက်သွယ်ပြောဆိုမှု ကဲ့သို့ပင် ယခု အသစ်ထည့်သွင်း
လိုက်သော ဖုန်းခေါ်ဆိုမှုကို Chat window မှတစ်ဆင့် ပြုလုပ်နိုင်ပြီး voice
cancellation နည်းပညာကို အသုံးပြု ထားသောကြောင့် အသံပဲ့တင်ထပ်ခြင်း
ကို အနည်းဆုံ လျော့ချနိုင်ပြီး ကြည့်လင်ပြတ်သားစွာ ပြောဆိုနိုင်ကြောင်း
သိရသည်။




အသုံးပြုသူများသည် အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါ နိုင်ငံများသို့
အခမဲ့ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်ပြီး ကျန်ကမ္ဘာ့နိုင်ငံများသို့ ခေါ်ဆိုပါက
အခကြေးငွေ ပေးဆောင်ရမည် ဖြစ်ကာ စမ်းသပ် အသုံးပြုနိုင်ရန် Gmail
အကောင့် တစ်ခုလျင် Credit အဖြစ် 0.10 ဒေါ်လာ ထည့်သွင်းပေး
ထားသည်။



သို့သော် Google၏ နိုင်ငံတကာ ဖုန်းခေါ်ဆိုခ နှုန်းထားများမှာ သက်သာ
ပြီး Skype ကဲ့သို့သော အခြား VoIP ဝန်ဆောင်မှုများအား ၎င်း၏သက်
သာသည့် ခေါ်ဆိုခနှုန်းများဖြင့် ယှဉ်ပြိုင်သွားဖွယ်ရှိသည်။




Google ၏ နိုင်ငံတကာ တယ်လီဖုန်း ဝန်ဆောင်မှုကို အသုံးပြုလိုသော
သူများအနေဖြင့် Google Checkout စနစ်မှတစ်ဆင့် calling credit
များဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။


>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

ကြာနီကန် ဆရာတော်၏ တရားတော်များ

Posted by မိတ်ဆွေ On Thursday, August 26, 2010 2 comments

ကြာနီကန် ဆရာတော်၏ ပဌာန်းပါဌိတော် အမှတ် (၁)





ကြာနီကန် ဆရာတော်၏ ပဌာန်းပါဌိတော် အမှတ် ( ၂ )

>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

ခမရ ၄၃၅ နဲ့  ၄၃၆ တပ်ရင်း နှစ်ရင်း နှုတ်ထွက်စာတင်

Posted by မိတ်ဆွေ On Thursday, August 19, 2010 0 comments



ရန်ကုန်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တောင်ဥက္ကလာပမှာ အခြေစိုက်တဲ့ ခမရ
၄၃၅ နဲ့ ၄၃၆ တပ်ရင်း နှစ်ရင်းက အရာရှိအရာခံ အကြပ်တပ်သားတွေ အားလုံးနှုတ်
ထွက်စာတင်ထားပါတယ်။

တပ်ရင်းလိုက် နှုတ်ထွက်စာ တင်ထားရတဲ့ အကြောင်းရင်းက နှစ်ချက်ရှိတယ်လို့  သိ
ရပါတယ်။ အချိန်အတော်ကြာအောင် တင်ပြထားတဲ့  ရိက္ခာမလောက်ငမှု ပြဿနာနဲ့ 
တောင်းထားတဲ့ ဘဏ်စုငွေတွေ ကိစ္စကို ကနေ့ အထိ အကြောင်းပြန်ကြားခြင်း မရှိတဲ့ 
အတွက် သည်းမခံနိုင်တဲ့  အဆုံး ပြီးခဲ့ တဲ့ အပတ်ကစပြီး တစ်တပ်လုံး နှုတ်ထွက်စာ
တင်တာဖြစ်တယ်လို့  သိရပါတယ်။

ဘဏ်စုငွေနဲ့  ရိက္ခာကိစ္စ တောင်းဆိုထားတာ အချိန်ကြာမြင့်သည့်တိုင် အထက်က ဘာ
မှအရေးယူ ဆောင်ရွတ်ပေးခြင်းမရှိကြောင်း တပ်ရင်းမှူးကတစ်ဆင့်တင်ပြခဲ့ ကြောင်းသိ
ရှိရသည်။

အခုတပ်ရင်းမှူး ကိုယ်တိုင်ကပါ နှုတ်ထွက်စာတင်ထားပြီး နှုတ်ထွပ်စာတင်တဲ့ တပ်ရင်
၂ ရင်းဖြစ်ပြီး တပ်ရင်း တစ်ရင်းတွင် အင်အား ၂၀၀ ခန့် ရှိကြောင်းသိရှိရသည်။

ရဲဘော်တွေရဲ့  ဘဏ်မှာစုထားတဲ့  ဘဏ်စုငွေတွေ ပြန်ထုတ်မပေးလို့  စစ်တပ် တပ်ရင်း
တစ်ချို့ မကြေမနပ်ဖြစ်နေတာ ကြာပါပြီ။ ရဲဘော်တွေရဲ့  ဘဏ်စုငွေတွေဟာ မြန်မာ့စီးပွါး
ရေးဦးပိုင်လိမိတက်မှာရှိနေပြီး အခုထက်ထိ ပြန်ထုတ်မပေးသေးကြောင်း သိရသည်။

>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

ပြည်နယ် တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်များ သတ်မှတ်

Posted by မိတ်ဆွေ On Monday, August 16, 2010 0 comments




တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော် တိုင်းရင်းသားလူမျိုး
မဲဆန္ဒနယ်များကို နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်
မရှင်မှ ကြေညာချက်အမှတ် (၈၈/၂၀၁၀) ထုတ်ပြန်၍ ၂၀၁၀ ပြည့်နှစ်
သြဂုတ်လ ၁၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော် တိုင်းရင်းသား
လူမျိုး မဲဆန္ဒနယ်များ ကို ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ပုဒ်မ ၈(ဃ)
နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်
ပွဲ ဥပဒေ ပုဒ်မ ၄ တို့အရ ၂၀၁၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေး
ကောက်ပွဲ အတွက် သတ်မှတ် ကြေညာခြင်း ဖြစ်ကြောင်း ဖေါ်ပြထားသည်။

တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် တိုင်းရင်းသား
လူမျိုး မဲဆန္ဒနယ် ဆိုသည်မှာ အဆိုပါ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်
အတွင်းတွင် နေထိုင်၍ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်(သို့မဟုတ်)
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ မရရှိသည့် နိုင်ငံတော် လူဦးရေ၏ ၀.၁
ရာခိုင်နှုန်း (လူဦးရေ ၅၇ ၀၀၀) နှင့် အထက် ရှိသော တိုင်းရင်းသားလူမျိုး
များ အတွက် သတ်မှတ်သော မဲဆန္ဒနယ် ဖြစ်သည်။

ယခုသတ်မှတ်ချက်အရ ပြည်ထောင်စု တဝန်းလုံးတွင် ချင်းပြည်နယ်မှ
အပ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ တွင် တိုင်းရင်းသားလူမျိုး
မဲဆန္ဒနယ် ၂၉ ခု သတ်မှတ်ထားကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် အလိုက် တိုင်းရင်းသားလူမျိုး
မဲဆန္ဒနယ် စာရင်းမှာ အောက်ပါ အတိုင်း ဖြစ်သည်။

ကချင်ပြည်နယ်လွှတ်တော်

(၁) ဗမာ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၂) ရှမ်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၃) လီဆူး တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၄) ရဝမ် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

ကယားပြည်နယ်လွှတ်တော်

(၁) ဗမာ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

ကရင်ပြည်နယ်လွှတ်တော်

(၁) ဗမာ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၂) မွန် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၃) ပအိုဝ်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်

(၁) ရှမ်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၂) ချင်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်

(၁) ကရင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

ပဲခူးတိုင်းဒေသကြီးလွှတ်တော်

(၁) ကရင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

မကွေးတိုင်းဒေသကြီးလွှတ်တော်

(၁) ချင်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

မန္တလေးတိုင်းဒေသကြီးလွှတ်တော်

(၁) ရှမ်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

မွန်ပြည်နယ်လွှတ်တော်

(၁) ဗမာ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၂) ကရင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၃) ပအိုဝ်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

ရခိုင်ပြည်နယ်လွှတ်တော်

(၁) ချင်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်

(၁) ကရင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၂) ရခိုင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

ရှမ်းပြည်နယ်လွှတ်တော်

(၁) ဗမာ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၂) ကချင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၃) လီဆူး တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၄) လားဟူ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၅) အင်းသား တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၆) အာခါ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၇) ကယန်း(ခ)ပဒေါင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်

(၁) ကရင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၂) ရခိုင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

၎င်းမဲဆန္ဒနယ် အသီးသီး၏ မဲဆန္ဒနယ် အကျယ်အဝန်းမှာ သက်ဆိုင်ရာ
ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး တစ်ခုလုံး ဖြစ်သည်။ ဥပမာ – ဧရာ
ဝတီတိုင်းဒေသကြီး ကရင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် အတွက်
ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းသည် ဧရာဝတီတိုင်း တစ်ခုလုံးရှိ
ကရင်တိုင်းရင်းသားလူမျိုးများ၏ မဲဆန္ဒဖြင့် အဆုံးအဖြတ် ခံယူရမည်
ဖြစ်သည်။

အဆိုပါ မဲဆန္ဒနယ်အတွက် မဲပေးပိုင်ခွင့်ရှိသော တိုင်းရင်းသားလူမျိုး
များသည် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲ ကျင်းပမည့်
နိုဝင်ဘာလ ၇ ရက်နေ့တွင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အတွက်
(၁)မဲ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် အတွက် (၁)မဲ၊ တိုင်းဒေသကြီး
(သို့မဟုတ်) ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အတွက် (၁)မဲ အပြင်
၎င်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် အတွက် (၁)မဲ၊ စုစုပေါင်း (၄)မဲ
ပေးရမည် ဖြစ်သည်။ ဥပမာ – ဧရာဝတီတိုင်းဒေသကြီးရှိ ဗမာတိုင်း
ရင်းသားလူမျိုးများသည် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်
နှင့် တိုင်းဒေသကြီးလွှတ်တော် များအတွက် မဲ (၃)မဲ ပေးရမည် ဖြစ်
ပြီး၊ ကရင် နှင့် ရခိုင် တိုင်းရင်းသားလူမျိုးများသည် လွှတ်တော် ၃ မဲ
(၃)မဲ အပြင် တိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒ
နယ် အတွက်ပါ ကိုယ်စားလှယ်လောင်း ရွေးချယ်ပေးရမည် ဖြစ်ပြီး
စုစုပေါင်း မဲ (၄)မဲ ပေးရမည် ဖြစ်သည်။
>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

ကမ္ဘာ့ အကြီးဆုံး သုံးဘက်မြင် ရုပ်ကြွ 3D-TV

Posted by မိတ်ဆွေ On Saturday, August 14, 2010 0 comments




ကိုရီးယား အီလက်ထရွန်းနစ် ကုမ္ပဏီဆမ်ဆောင်း(Sam sung)သည် သြဂုတ်လ
(၁၁)ရက်နေ့ က ကမ္ဘာ့ အကြီးဆုံးသုံးဘက်မြင် ရုပ်ကြွ ရုပ်မြင်သံကြားစက်
(3D LED TV )ကို နယူးယောက်မြို့ တော်တွင် မိတ်ဆက်ပြသခဲ့သည်။

ထိုထောင့်ဖြတ် ၆၅ လက်မအရွယ်ရှိ 3D LED TV မှာ full HD အရည်အသွေးမြင့်
သုံးဘက်မြင်ပုံရိပ်များ ပြသနိုင်ပြီး The Samsung Experience Store တွင် မိတ်
ဆက်ပြသခဲ့ ခင်းဖြစ်သည်။

္ဒ" ပိုကြီးတဲ့ မျက်နှာပြင်မှာ ပိုပြီးအသေးစိတ်ကြတဲ့  3D ပုံရိပ်တွေကို မြင်တွေ့ ရမှာပါ။
ပိုကြီးတဲ့ ဖန်သားပြင်ကို ဖန်တီးရခြင်းရဲ့  အဓိကအချက်က ပိုတိကြပြတ်သားတဲ့ 
ပုံရိပ်တွေပြသဖို့ ပါပဲ "

ဟု samsung ၏ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ဆိုပါသည်။ ယခု 3D LED TV သည်
samsung၏ မြောက်အမေရိက ဈေးကွက်အတွက် လက်မ ၄၀ မှ လက်မ ၆၀ ကျော်
3D LED TV လိုင်းသို့ နောက်ဆုံး ဝင်ရောက်လာသော မော်ဒယ်ဖြစ်သည်။


>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>