နွားများဆွဲသောအလံ ဈေးကွက်အတွင်းရောင်းချ

Posted by မိတ်ဆွေ On Thursday, December 2, 2010 0 comments




မြန်မာ နိုင်ငံတော် အလံ အသစ် ပြောင်းလဲ ပြီးနောက် ကြယ် တစ်ပွင့်ပါ သုံးရောင်ခြယ်
အလံအား ဌာန ဆိုင်ရာ နှင့် ကုမ္ပဏီ များက အဓိက ၀ယ်ယူလျက် ရှိကြောင်း ဈေးကွက်
မှ စုံစမ်း သိရသည်။

လက်ရှိ အချိန်တွင် နိုင်ငံတော် အလံသစ်ကို လုပ်ငန်းသုံး ဖြစ်သော ၆ ပေ x ၉ ပေ နှင့်
၎ပေ x ၆ပေ အရွယ် အစား နှစ်မျိုးရှိပြီး အိမ်သုံး အရွယ်အစားများ ရောင်းချရမှု မရှိသေး
ကြောင်း သိရသည်။ ကျွန်မတို့ ဆိုင်မှာ အလံ နှစ်မျိုးပဲ ရောင်းချ ပေးနေ ပါတယ်။ စက်မှု
(၁)ကပဲ ချုပ်တယ်။ အခြား အိမ်သုံး အရွယ် အစားတွေ မရသေးဘူး။ ဌာနဆိုင်ရာ
ရုံးတွေ အတွက်ပဲ ရသေးတယ်”ဟု အလံေ ရာင်းချနေသည့် ဗိုလ်ချုပ်ဈေးသစ်ရှိ
ဝင်းသူဇာ အရောင်းဆိုင်မှ အရောင်း စာရေးမ တစ်ဦးက ပြောသည်။

နိုင်ငံတော် အလံသစ် အပြောင်း အလဲနှင့် ပတ်သက်၍ ကြိုတင် မသိရှိခဲ့ခြင်း
ကြောင့် အလံသစ်အား ပြင်ဆင် ချုပ်လုပ် နိုင်ခဲ့ခြင်း မရှိကြောင်း ဗဟန်းမြို့နယ်ရှိ
တံဆိပ်ရိုက် လုပ်ငန်း အချို့မှ သိရသည်။ “ ရွှေဂုံတိုင်တစ်ဝိုက်က ဆိုင်တွေ က
တော့ ဘယ်သူမှ ကြို မလုပ်ကြဘူး။ လက်ရှိ အချိန်မှာတော့ အ၀ယ် ရှိလာပါပြီ။
ဌာနဆိုင်ရာနဲ့ ရုံးတွေ၊ ကုမ္ပဏီတွေ ၀ယ်ကြတယ်။ အိမ်တွေ ကတော့ မ၀ယ်ကြ
သေး ဘူး ။ မဖြစ်မနေ ဝယ်ရမယ့် သူတွေက အဓိက ဝယ်ကြတာပါ”ဟု ပုံနှိပ်
နှင့် ကြော်ငြာလုပ်ငန်းတစ်ခု၏ ဆိုင်ရှင်ဖြစ်သူက ပြောသည်။

နိုင်ငံတော်အလံသစ်၏ ၄ပေ x ၆ပေ အရွယ်အစား ဖဲသားအလံမှာ ကျပ်
၁၂,၀၀၀နှင့် ၆ပေ x ၉ပေ အရွယ်အစား ကျပ်၂၀,၀၀၀ ခန့်ရှိကြောင်း သိရသည်။
စက်မှု (၁)၀န်ကြီးဌာနမှ ၀င်းသူဇာ အရောင်းဆိုင်များမှတစ်ဆင့် ယခု ဈေးကွက်
တွင်းသို့ ဖြန့်ဖြူး ရောင်းချ နေသော နိုင်ငံတော် အလံများမှာ ဖဲသား နှင့် ချုပ်လုပ်
ထားသော အလံ အမျိုးအစား ဖြစ်ပြီး ၆ပေ x ၉ပေ အလံကို ၁၅,၀၀၀ ကျပ် နှင့်
၎ပေ x ၆ပေ အလံကို ၆,၅၀၀ ကျပ်ဖြင့် အရွယ် အစား နှစ်မျိုး ရောင်းချလျက်
ရှိကြောင်း သိရသည်။


0 comments:

Post a Comment