ဝီကီလိပိုင်ရှင်အား ဖမ်းဆီးရန် အင်တာပို ၀ရမ်းထုတ်

Posted by မိတ်ဆွေ On Thursday, December 2, 2010 0 comments

ဝီကီလိအင်တာနက် ၀က်ဘ်ဆိုက်တွင် အမေရိကန်နိုင်ငံ၏ အီရတ်စစ်ပွဲနှင့် ပတ်
သက်သော ထိပ်တန်းလျှို့ဝှက် စာရင်းဝင် စာချုပ်စာတမ်း လေးသိန်းခန့်ကို ထုတ်
ဖော်ပြသခဲ့သည်။

ထို့ပြင် ဇူလိုင်လကလည်း အာဖဂန်စစ်ပွဲနှင့် ပတ်သက်၍ လျှို့ဝှက်ဖိုင်ပေါင်း ၇၇၀၀၀
ကို ခွင့်ပြုချက် မရှိဘဲ ဖော်ပြခဲ့သည်။ ယခု နောက်အကျဆုံး အနေဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ လျှို့ဝှက်စာရွက် စာတမ်းများကို ဖော်ထုတ်တင်ပြခဲ့သည်။

၎င်းဝက်ဘ်ဆိုက်ကို တည်ထောင်ထားသူသည် အသက် ၃၉ နှစ်အရွယ်ရှိ သြစတြေး
လျနိုင်ငံသား အာဆန်ဂီးဆိုသူဖြစ်သည်။ ၄င်း၏ဆာဗာများကို ဆွီဒင်နိုင်ငံတွင် ထားရှိ
သဖြင့် ဆွီဒင်နိုင်ငံတွင် နေထိုင်ခွင့်ပြုရန် လျှောက်ထားခဲ့သည်။ ယင်းသို့နေထိုင်စဉ်အ
တွင်း အင်ကိုပင်းမြို့နှင့် စတော့ဟုမ်းမြို့တို့မှ အမျိုးသမီးနှစ်ဦးအား အတင်းအဓမ္မ ပြု
ကျင့်ခဲ့ကြောင့် တိုင်ကြားခံခဲ့ရသည်။

ထို့ကြောင့် ဆွီဒင်အစိုးရက ယင်းအမှုနှင့်ပတ်သက်၍ အာဆန်ဂီးအား ဖမ်းဝရမ်း ထုတ်
ခဲ့သည်။ အာဆန်ဂီးမှာ တိမ်းရှောင်လျက်ရှိသည်။ အခုတစ်ဖန် ပြင်သစ်အခြေစိုက် နိုင်
ငံတကာ ရဲတပ်ဖွဲ့က အာဆန်ဂီးအား ဖမ်းဆီးရန် ထပ်မံ၍ အမိန့်ထုတ်ပြန်ခဲ့သည်။


0 comments:

Post a Comment