ညထဲက သတို့ သမီး

Posted by မိတ်ဆွေ On Friday, October 1, 2010 0 comments

ညဆိုတာ
မိန်းမနဲ့ ယောင်္ကျားတို့ ရဲ့ 
ခွန်အားပြည့် ရမ္မက်ခွက်ကို
မျိုးဆက်ပြန့် ပွားမှု သေရည်နဲ့ 
ဖြည့်စွက်
အိပ်မက်ပွင့်ဖူး
သောက်ကြူးကြတာဖြစ်တယ်။

ညဆိုတာ
သူအိုသူမင်းတို့ 
လေညှင်းမွှေးမွှေး
ဇီဝဆေးတွေ
အားမွေးအရည်ဖျော်
သက်ရာကျော်ဖို့ 
ပျော်ဝင်စေတာဖြစ်တယ်။

ညဆိုတာ
ဒဏ္ဍာရီ ပုံပြင်ပြော
ကလေးတို့ ပျော်မောတဲ့ 
အိပ်မက်တောဖြစ်တယ်။

ညဆိုတာ
လုလင်ပျိုရဲ့  အာရုံကြောအသစ်
အချစ်နဲ့ လှုပ်ရှား
နှလုံးသား အိပ်မက်တောင်ပေါ်
တိမ်မှောင် မည်းမည်း
လျှပ် ရဲရဲမှာ
သွားရဲ တက်ရဲ
မာန်ဟုန်ဇွဲနဲ့ 
ချစ်ပွဲခံရာဖြစ်တယ်။

ညဆိုတာ
သတို့ သားရဲ့ ခွန်အားကို
တိုးပွား သန်စွမ်းစေတဲ့ 
တောင်တန်းကြီး ဖြစ်တယ်။

ညဆိုတာ
အပျိုစင် သတို့ သမီးရဲ့ 
ချစ်မီး လျှံဝင်းနေတဲ့  မေတ္တာအိမ်ကို
တိမ်လို သိမ်မွေ့ 
လက် တပွေ့ နဲ့ 
မျိုးစေ့  စိုက်မွေး
မြေစေး ဖွာဖွာ
သား တရာရဲ့ 
မြေယာကောင်း ဖြစ်စေရဲ့  ။ ။


0 comments:

Post a Comment