ကျွန်ုပ်နှင့် ခြင်များ

Posted by မိတ်ဆွေ On Friday, September 17, 2010 0 comments

ငါ့ရဲ့ သွေး

ပေးလှူမယ် ကြိုက်သလောက်ယူ ၊

ကိုက်ချင်ရင် ကိုက်သာကိုက်

မရိုက်ဘူး ကိုယ့်လူ ။

ဒါနလို့ မှတ်ယူ

ကြည်ဖြူရဲ့  စိတ်ထား ၊

တဝီဝီ ဆူပါလို့ 

နားပူအောင် နှိပ်စက်ရင်တော့

စိတ်ကွက်တယ် အိပ်ပျက်တာမို့ 

သည်းခံကာ ခွင့်မလွှတ်နိုင်ဘု

သီလယိုင် ဒါနဝေးပါပေါ့

မနှေးပင် လက်သံပြောင်ပြောင်နဲ့ 

ဒီကောင်တွေ နိဗ္ဗာန်နီးအောင်

တီးလိုက်မယ် တအား ----- ။


0 comments:

Post a Comment