တောင်ကိုရီးယားဝဘ်ဆိုက်များ DDOS နည်းဖြင့်တိုက်ခိုက်ခံရ

Posted by မိတ်ဆွေ On Saturday, July 17, 2010 0 comments

တောင်ကိုရီးယားနိုင်ငံတွင် သမ္မတရုံးတော်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝဘ်ဆိုက်
အပါအဝင် တောင်ကိုရီးယား အစိုးရ၏ တရားဝင် ဝဘ်ဆိုက်များ ပုဂ္ဂလိက ဘဏ်များ
၏ ဝဘ်ဆိုက်များ ဗုဒ္ဓဟူးနေ့  ညနေပိုင်းက တိုက်ခိုက်ခံခဲ့ ရသည်ဟု နိုင်ငံပိုင် တယ်
လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းမှ ပြောကြားသည်။


နိုင်ငံပိုင် Korea Communications Commission (KCC) ၏ ပြောကြားချက်
အရ သမ္မတရုံးတော် ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန အပြင်
ပုဂ္ဂလိက အဖွဲ့ အစည်းများဖြစ်သော အင်တာနက်ရှာဖွေရေး ဦးဆောင်ကော်
မတီ Naver ၊ Nonghyupဘဏ် နှင့် Korea Exchange ဘဏ်တို့ ၏ ဝဘ်ဆိုက်
များလည်း distributed denial of service ( DDOS) ဟု ခေါ်ဆိုသော ဝဘ်
ဆိုက်တစ်ခုလုံး လုပ်ဆောင်ချက်များ ရပ်တန့် သွားအောင် တိုက်ခိုက်သည့်
(DDOS) တိုက်ခိုက်နည်းဖြင့် ဗုဒ္ဓဟူးနေ့ ညနေ (၆) နာရီခန့် က တိုက်ခိုက်
ခံခဲ့ ရခြင်းဖြစ်ကြောင်း သိရသည်။

အရေးပေါ် တန်ပြန်ရေး အစီအမံများ ဆောင်ရွက်ခဲ့ ပြီး ပျက်ဆီးဆုံးရှုံးမှုတန်ဘိုး မသိ
ရသေးကြောင်း (KCC) က ပြောပါသည်။ ယ္ခုတိုက်ခိုက်မှုသည် လွန်ခဲ့ သောနှစ်က DD
OS နည်းဖြင့် ဝဘ်ဆိုက်ပေါင်း ၂၅ ခု အထိ ရပ်ဆိုင်းသွားအောင် အကြီးအကျယ်တိုက်
ခိုက်မှုကြီး ကြုံခဲ့ ပြီးနောက် တစ်နှစ်အကြာတွင် ဖြစ်ပေါ်ခဲ့ ခြင်းဖြစ်သည်။


ိ DDOSနည်းဖြင့် ဝဘ်ဆိုက်တစ်ခုအား ဝိုင်းတိုက်ခိုက်ပုံ

KCC ၏ ပြောကြားချက်အရ ယခုတိုက်ခိုက်မှုများမှာ ယမန်နှစ်က ကြုံခဲ့ သော တိုက်
ခိုက်မှုနှင့် နှိုင်းယှဉ်လျှင် အဆင့်နိမ့် ပြီး ကြီးကြီးမားမား ဒုက္ခဖြစ်နိုင်သည့် အခြေအ
နေမရှိကြောင်း ၊ အစိုးရဌာနများ အနေဖြင့် ၎င်းတို့ ၏ ဝဘ်ဆိုက်များကို ပုံတူကူးယူ
ကာ ဖြစ်လာနိုင်သော အရေးပေါ်ကိစ္စများအတွက် ကြိုတင် ပြင်ဆင်ပြီးဖြစ်ကြောင်း
လတ်တလော အနေဖြင့် တိုက်ခိုက်သည့် မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေး နေဆဲ ဖြစ်
ကြောင်း သိရသည်။

0 comments:

Post a Comment