NLD ဆုံးဖြတ်ချက်ကို SNLDကြိုဆို

Posted by မိတ်ဆွေ On Thursday, June 3, 2010 0 comments

လာမဲ့ရွေးကောက်ပွဲမှာ ပါတီမှတ်ပုံမတင်ဖို NLD ပါတီရဲ့ 
ဆုံးဖြတ်ချက်ဟာပြည်သူတွေရဲ့  ကိုယ်စားမတရားတဲ့
ဥပဒေတွေကို ပြတ်ပြတ်သားသား ရပ်တည်ပြလိုက်တာလို့ 
SNLDပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်ကပြောကြားသွားပါတယ်။

တကယ်လို့  ပါတီဆက်ပြီးမှတ်ပုံမတင်ရင် အစိုးရးရွေးကောက်
ပွဲဥပဒေအရ ပါတီအဖြစ်ဆက်ရပ်တည်နိုင်မှာမဟုတ်ပေမယ့်
လူထုထောက်ခံမှု ရှိနေသေးတဲ့အတွက် လုပ်ပိုင်ခွင့်တွေဆက်
ရှိနေလို့ နိုင်ငံရေးကို လုပ်နိုင်သလောက် ဆက်တာဝန်ယူလိမ့်
မယ်လို့ ယုံကြည်ကြောင်းလည်း သူကပြောပါတယ်။ ပါတီမရှိ
ပဲနိုင်ငံရေးဆက်လုပ်ရတာ အန္တရာယ်များပေမယ့် ဒါဟာအစိုး
ရရဲ့ သတ်မှတ်ချက်အရ ပေါ်ပေါက်ရတာဖြစ်ပြီး နိုင်ငံတကာမှာ
ဒါမျိုးမရှိကြောင်း၊ လူထုထောက်ခံမှု၊ နိုင်ငံတကာပံ့ပိုးမှုနဲ့ 
ဥပဒေကင်းလွတ်တာတွေ ဆက်လုပ်မယ်ဆိုရင် လုပ်စရာတွေ
အများကြီးရှိကြောင်းလည်း ထောက်ပြသွားပါတယ်။ SNLDပါတီ
ကလည်း ရွေးကောက်ပွဲဝင်မှာမဟုတ်သလို အမြင်ချင်းတူတာ
တွေရှိတဲ့အတွက် ပူးပေါင်းဆောင်ရွက်လို့  ရမယ့်အလားအလာ
တွေရှိတယ်လို့ ဆိုပါတယ်။ SNLDကတော့ လူထုရဲ့လိုလားချက်
တွေမပြည့်ပြည့်အောင် နည်းလမ်းရှာ ဆောင်ရွက်သွားမယ်လို့ 
ဦးစိုင်းလိတ်က ပြောကြားသွားပါတယ်။

0 comments:

Post a Comment