ဦးအောင်ထူး၏ဥပဒေဆွေးနွေးပွဲ

Posted by မိတ်ဆွေ On Sunday, June 13, 2010 0 comments

မြန်မာနိုင်ငံ ရှေ့ နေများကောင်စီ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူး
သည် ယနေ့  တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ရှိ အမျိုးသားဒီမိုကရေစီ
ီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ကိုရီးယားဌာနခွဲတွင်တောင်ကိုရီးယားနိုင်ငံ
ရောက်မြန်မာနိုင်ငံသားများအား "မြန်မာပြည်တွင်းက လွတ်ငြိမ်းချမ်းသာခွင့်
ရရှိနေသော အခြေအနေများ ချုပ်ငြိမ်းစေခြင်းနှင့် တိုင်းရင်းသားပြဿနာများ
ကို ဥပဒေရှုထောင့်က သုံးသပ်ခြင်း" ဟူသောခေါင်းစဉ်ဖြင့် မြန်မာပြည်ဥပ
ဒေစိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွတ်မြောက်နယ်မြေ
ကိုရီးယားဌာနခွဲက စီစဉ်ကျင်းပခဲ့ပြီး ဘားမားအက်ရှင်ကိုရီးယားအပါအ၀င်
တောင်ကိုရီးယားနိုင်ငံရောက် မျိုးချစ်မြန်မာနိုင်ငံသားများ တက်ရောက်ခဲ့ကြ
သည်။

လာမည့်ဇွန်လ(၁၇)ရက်နေ့ တွင် ဘီအယ်လ်စီ အထွေထွေအတွင်းရေးမှူး
ဦးအောင်ထူးသည် ကိုရီးယားလွှတ်တော်အမတ်များ၊ လူ့ အခွင့်အရေးကော်
မရှင်ရုံးမှတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံရေးရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ 
ရှိကြောင်းလည်း သိရှိရပါသည်။

ဆွေးနွေးပွဲအပြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွတ်မြောက်နယ်မြေ
ကိုရီးယားဌာနခွဲမှ ဆွေးနွေးပွဲတက်ရောက်လာသူများအား မြန်မာမုန့် ဟင်း
ခါးဖြင့် ကျွေးမွေးဧည့်ခံခဲ့ပါသည်။

0 comments:

Post a Comment