ဆလိုင်းတင်မောင်ဦးအောက်မေ့ဖွယ်အခမ်းအနား

Posted by မိတ်ဆွေ On Sunday, June 27, 2010 0 comments

မဆလအစိုးရရဲ့  ကြိုးပေးသတ်ဖြတ်ခြင်းခံခဲ့ရသူ ကျောင်းသားခေါင်းဆောင် ဆလိုင်း
တင်မောင်ဦး ကွယ်လွန်ခြင်း ၃၄ နှစ်ပြည့်အမှတ်တရနှင့် နအဖအစိုးရ၏ ပြည်သူလူ
ထုအပေါ် မတရားညှင်းဆဲ သတ်ဖြတ်မှုများကို ကန့် ကွက်ရှုံ့ ချသည့် ဆန္ဒပြပွဲတစ်ခု
ယနေ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့  နအဖသံရုံးရှေ့ တွင် ကျင်းပခဲ့ပါသည်။

အဆိုပါဆန္ဒပြပွဲကို ချင်းဒီမိုကရေစီနှင့် လူ့ အခွင့်အရေးကွန်ယက်က ဦးဆောင်ခဲ့ပြီး
မြန်မာ့ဒီမိုကရေစီအရေးကို စိတ်ဝင်စားသော တိုင်းရင်းသားညီအကိုမောင်နှမများ
က ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပါသည်။

ဆလိုင်းတင်မောင်ဦးကို မဆလအစိုးရက ၁၉၄၇ ခုနှစ်တွင် ဦးသန့် အရေးအခင်း
ဦးဆောင်မှုဖြင့် ဖမ်းဆီးခဲ့ပြီး ၁၉၇၆ခုနှစ် ဇွန်လ၂၆ရက်နေ့ မှာ ကြိုးပေးသတ်ခဲ့ပါတယ်။

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးလို ဒီမိုကရေစီတိုက်ပွဲအတွင်း တိုင်း
ပြည်နှင့်လူမျိုးအတွက် အသက်ပေးသွားကြသော ကျောင်းသားကျောင်းသူများနှင့်
ရဟန်းရှင်လူများအား အသိအမှတ်ပြု၍ ဂုဏ်ယူကြောင်းနှင့် မြန်မာနိုင်ငံမှာစစ်မှန်သည့်
ဒီမိုကရေစီစနစ် ပေါ်ထွန်းလာတဲ့အထိ စစ်အာဏာရှင်စနစ်အား ကန့် ကွက်ဆန့် ကျင်
သွားမှာဖြစ်ကြောင်း ကိုရီးယားနိုင်ငံ ရောက်ချင်းတိုင်းရင်းသားများကိုယ်စား ချင်းဒီမိုက
ရေစီနှင့် လူ့ အခွင့်အရေးကွန်ယက် ဥက္ကဌ မစ္စတာဂျွန်စမစ်က ပြောကြားသွားပါတယ်။


>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

မဆလအစိုးရရဲ့  ကြိုးပေးသတ်ဖြတ်ခြင်းခံခဲ့ရသူ ကျောင်းသားခေါင်းဆောင် ဆလိုင်း
တင်မောင်ဦး ကွယ်လွန်ခြင်း ၃၄ နှစ်ပြည့်အမှတ်တရနှင့် နအဖအစိုးရ၏ ပြည်သူလူ
ထုအပေါ် မတရားညှင်းဆဲ သတ်ဖြတ်မှုများကို ကန့် ကွက်ရှုံ့ ချသည့် ဆန္ဒပြပွဲတစ်ခု
ယနေ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့  နအဖသံရုံးရှေ့ တွင် ကျင်းပခဲ့ပါသည်။

အဆိုပါဆန္ဒပြပွဲကို ချင်းဒီမိုကရေစီနှင့် လူ့ အခွင့်အရေးကွန်ယက်က ဦးဆောင်ခဲ့ပြီး
မြန်မာ့ဒီမိုကရေစီအရေးကို စိတ်ဝင်စားသော တိုင်းရင်းသားညီအကိုမောင်နှမများ
က ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပါသည်။

ဆလိုင်းတင်မောင်ဦးကို မဆလအစိုးရက ၁၉၄၇ ခုနှစ်တွင် ဦးသန့် အရေးအခင်း
ဦးဆောင်မှုဖြင့် ဖမ်းဆီးခဲ့ပြီး ၁၉၇၆ခုနှစ် ဇွန်လ၂၆ရက်နေ့ မှာ ကြိုးပေးသတ်ခဲ့ပါတယ်။

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးလို ဒီမိုကရေစီတိုက်ပွဲအတွင်း တိုင်း
ပြည်နှင့်လူမျိုးအတွက် အသက်ပေးသွားကြသော ကျောင်းသားကျောင်းသူများနှင့်
ရဟန်းရှင်လူများအား အသိအမှတ်ပြု၍ ဂုဏ်ယူကြောင်းနှင့် မြန်မာနိုင်ငံမှာစစ်မှန်သည့်
ဒီမိုကရေစီစနစ် ပေါ်ထွန်းလာတဲ့အထိ စစ်အာဏာရှင်စနစ်အား ကန့် ကွက်ဆန့် ကျင်
သွားမှာဖြစ်ကြောင်း ကိုရီးယားနိုင်ငံ ရောက်ချင်းတိုင်းရင်းသားများကိုယ်စား ချင်းဒီမိုက
ရေစီနှင့် လူ့ အခွင့်အရေးကွန်ယက် ဥက္ကဌ မစ္စတာဂျွန်စမစ်က ပြောကြားသွားပါတယ်။


>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

၂၀၁၀ ရွေးကောက်ပွဲ မဲပေးစနစ်

Posted by မိတ်ဆွေ On 0 comments

၂၀၁၀ ရွေးကောက်ပွဲမှာ ဘယ်နေရာ ဘယ်ဌာနကို မဲပေးရမယ်ဆိုတဲ့ညွှန်ကြားချက်
ပုံဖြစ်ပါတယ်။ ရွေးကောက်ပွဲ မကျင်းပမှီ အချိန်မှာကတည်းက ဘယ်ဝန်ကြီးက
ဘယ်နေရာမှာ တာဝန်ထမ်းဆောင်ရမယ်ဆိုတာ စီမံချက်တွေ ရေးဆွဲပြီးနေပါပြီ။
ဒီလိုမြောက်ဦးနှောက်နဲ့  ဆင်ကြံကြံချင်တဲ့ နအဖရဲ့ လုပ်ရပ်ဟာ ဆင်သေကို
ခွေးသရေနဲ့ ဖုံးနေသလိုပါပဲ။

>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

အင်းလေးအကြောင်းတစ်စေ့တစ်စောင်း

Posted by မိတ်ဆွေ On Friday, June 25, 2010 0 comments

ညောင်ရွှေမြို့ကနေ ဖောင်တော်ဦးဘုရားသွားဖို့ လှေဆိပ်မှာ လှေစီးရပါတယ်။
ဘုရားက ညောင်ရွှေမြို့ရဲ့ (၁၃)မိုင်အကွာမှာ ရှိပါတယ်။ လှေဆိပ်ကရေခန်းတဲ့
အတွက် လှေဝမ်းလည်း မြေကပ်နေပါပြီ။




ဘေးဝဲယာအိမ်အုတ်ရိုးတွေမှာ ကျန်နေတဲ့အရာတွေကို
ကြည့်ခြင်းအားဖြင့်
အရင်က ရေအမြင့်ကိုသိနိုင်ပါတယ်။



အင်းရေအပြင်အထွက် ချောင်းဘေးမှာ ခုတော့
အမှိုက်ကောက်တဲ့ ကလေးငယ်တွေနဲ့....



ဒီလိုစက်တွေနဲ့ တူးနေတာကို လမ်းတစ်လျှောက်
(၃)နေရာလောက် တွေ့ခဲ့တယ်



ရေထဲကအိမ်တွေ ခုတော့ ကုန်းပေါ်မှာတင်လို့....



တောင်တွေကာရံထားတဲ့ အလယ်မှာ အင်းလေးရေပြင်ပြာတဲ့...
(၄)မိုင်အထိ အင်းရေတွေ မပြာနိုင်ခဲ့တော့ပါဘူး
ဝါကျင်ကျင် ရွံရေတွေအဖြစ်နဲ့သာ ရှိနေပါတယ်



ဟိုးဝေးဝေးက ဘိုတဲလည်းခြေတံရိုးတွေရှည်လို့...



အင်းလယ်ခေါင် (၆)မိုင်လောက်ရောက်မှ
အင်းရေကသူ့နဂိုရုပ်အတိုင်း
နည်းနည်းပြာလာတယ်ဒါတောင်
ဟိုးဝေးဝေးက ရွာတွေက ကုန်းပေါ်တင်လို့...
လူတစ်ရပ်စာ((၅)ပေ)လောက်
ရေခန်းသွားပါသတဲ့...



အင်းရေပြင်က ကြည်လိုက်၊ နောက်လိုက်
ရေမှော်တွေ၊ သိုက်တွေနဲ့ ငါးရှာနေသူတွေ



အရင်က ဒီနေရာမှာ ဖောင်တော်တိမ်း
မှောက်ခဲ့ဖူးတယ်။တစ်ချိန်က ဟသာင်္ငှက်
နုတ်သီးအထိ ရေကြီးဖူးသတဲ့....
ခုတော့ ဟသာင်္ငှက်လည်း ရေလယ်
ခေါင်မှာရပ်ပြီး ရေငတ်လို့နေတယ်...



ဘုရားအဝင်လမ်းမှာ တချို့နေရာဆို
မြေသားတွေတောင် ပေါ်တယ်



အသွားမတော်ရင် အခုလို မော်တော်
ဆင်းတွန်းရလိမ့်မယ်"ရွာမ"
သွားတဲ့လမ်းခွဲမှာဖြစ်ပါတယ်
ရွာမရေပေါ်ဈေးလည်း ရေမရှိလို့
မလုပ်နိုင်တော့ဘူးတဲ့..



အရင် သူငယ်ချင်းတစ်ယောက်
ပို့ပေးဖူးတဲ့ပုံပါ
ရွာမ၊ ရွာမဈေးဖြစ်ပါတယ်



ဖော်တော်ဦးဘုရားကတော့ မြင်တဲ့အတိုင်းပါပဲ
လှေကားထစ်တွေတောင် ထပ်နိမ့်ထားရတယ်



ဖောင်တော်



မော်တော်ဆိုက်ရာနေရာမှာ မြေသားတွေက
ပျော့အိပျော့အိစက်လှေသမားနဲ့
ကလေးငယ်တွေက ပြောပါတယ်
"ဖြည်းဖြည်းဆင်း ကျွံကျမယ်။
အောက်က အပွါကြီးတဲ့"



အင်းသား ကောက်ညှင်းကျည်ထောက်ပါတဲ့။
(၃)စည်း ငါးရာကျပ်ဖြစ်ပါတယ်။



အများဖူးရအောင်



အင်းလေးကန်က
ဒီလိုစီးဆင်းဖြစ်တည်ပါသတဲ့...



ဘုရားဘေးက စားသောက်ဆိုင်၊ လက်ဆောင်ဆိုင်တွေဆီ
စက်လှေနဲ့မရောက်တော့ဘူး။တံတားနဲ့ပဲ ရောက်တော့တယ်။
ဟိုး အနီရောင်မှတ်တိုင်မှာ ရေအမြင့် ငါးပေဆိုတဲ့နေရာက
ရွံ့တွေနဲ့ ပေနေပါတယ်။



ဘုရားအပြန်မှာ အရင်ကလို မော်တော်တွေ ရွာထဲ
လှည့်ပတ်မပြန်နိုင်တော့ဘူး
ချောင်းတွေမှာ ရေနည်းကုန်လို့ပါ..



ရွံ့တွေ နှုန်းတွေကို ဒီလိုလည်း စုပ်ထုတ်နေကြတာပဲ
ဒီလိုစက်မျိုး (၂)နေရာလောက်တွေ့ခဲ့တယ်။
ဒါပေမယ့် ကန်ရေပြင်က ကျယ်တော့ လုပ်အားနဲ့မမျှသလိုပါပဲ..
ရေကျသွားလို့လားမသိ ဘယ်နေရာကြည့်ကြည့် မြက်ရိုင်းတွေချည်းပဲ...
ကျွန်းမျောတွေဘက် လှေနဲ့လည်း မရောက်နိုင်၊
ခြေကျင်လည်း မသွားရဲဖြစ်နေသတဲ့
မြေသားတွေပျော့ပြီး ကျွံကျမှာစိုးလို့ပါတဲ့...





ဖော်တော်ဦးဘုရားကအပြန် ညောင်ရွှေမြို့နဲ့
မနီးမဝေးက ဘုရားဘက် လှည့်ဝင်ခဲ့သေးတယ်
တောင်ကြီး-ညောင်ရွှေကားဂိတ်တောင်
ရေမရှိလို့ အဲဒီဘုရားဘက်အထိ ရွေ့ခဲ့ပြီတဲ့..



စက်လှေလည်း ရေပေါ်မဆင်းနိုင်ရှာတော့ဘူး



ညောင်ရွှေမြို့ပေါ်က ဘုရားတချို့ပါ



ညောင်ရွှေစော်ဘွား အုတ်ဂူလို့ ပြောပါတယ်
>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

နအဖ၏်ရန်းကားမှု

Posted by မိတ်ဆွေ On Thursday, June 24, 2010 0 comments

ကမ္ဘာ့ ပြည်သူတွေအားလုံးက လေးစားဂုဏ်ပြုကြတဲ့ ဒေါ်အောင်ဆန်းစုကြည်လို
အမျိုးသမီးကောင်းတစ်ဦးရဲ့  ဓါတ်ပုံကို ခြေထောက်နဲ့ လူမြင်ကွင်းရှေ့ မှာ ပေါ်တင်ခြေ
ထောက်နဲ့ ကန်ပြရဲတဲ့ နယူးယောက်မြို့ က နအဖကောင်စစ်ဝန်ရုံးဝန်ထမ်းငမိုက်သားရဲ့ 
ရိုင်းစိုင်းတဲ့ လုပ်ရပ်ကို အမေရိကန်အစိုးရထံ အသိပေးတိုင်ကြားကြပြီး နအဖသံတမန်
တစ်ဦးရဲ့ မယဉ်ကျေး မဖွယ်ရာမှုကို ဖေါ်ထုတ်လိုက်ကြပြီ။


>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

ဒေါ်အောင်ဆန်းစုကြည်၏ ၆၅နှစ်ပြည့်မွေးနေ့ ဂုဏ်ပြုတစ်ခန်းရပ်ပြဇာတ်

MYIT TAR TI TAR from yechit on Vimeo.

>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

တောင်ကိုရီးယားမှဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ ပွဲ

Posted by မိတ်ဆွေ On Monday, June 21, 2010 0 comments

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅နှစ်ပြည့်မွေးနေ့ ပွဲကို
ယနေ့ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့  နိုင်ငံခြားသားအလုပ်သမားရိပ်သား၌ကျင်း
ပခဲ့ပါသည်။
အဆိုပါမွေးနေ့ ပွဲကို ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ပွဲဖြစ်မြောက်ရေး
ကော်မတီမှ ကြီးမှူးကျင်းပခဲ့ပြီး မြန်မာ့ဒီမိုကရေစီအရေးကိုစိတ်ဝင်စားသော ကိုရီးယား
နိုင်ငံရောက် မျိုးချစ်မြန်မာနိုင်ငံသားများ၊ဒီမိုကရေစီအင်အားစုများ၊ကိုရီးယားအင်န်ဂျီအို
များနှင့်ကိုရီးယားလွှတ်တော်အမတ်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။


>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

ဒေါ်အောင်ဆန်းစုကြည်၏၆၅နှစ်ပြည့်ဂုဏ်ပြုဗီဒီယို

Posted by မိတ်ဆွေ On Thursday, June 17, 2010 0 comments

ယာဉ်ကျေးမှု့ နှင့် အနုပညာဝန်ကြီးဌာန၏ ခွင့်ပြုချက်အရ စီစဉ်တင်ဆက်ပါသည်။
(ဒါရိုက်တာ-ရဲရဲ)


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅နှစ်ပြည့်မွေးနေ့ ဂုဏ်ပြုဗီဒီယို from yechit on Vimeo.

>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

မန္တလေးသားစစ်စစ်

Posted by မိတ်ဆွေ On Wednesday, June 16, 2010 0 comments

ဒေါ်အောင်ဆန်းစုကြည်အတွက်ဂုဏ်ပြုတေး

Posted by မိတ်ဆွေ On Tuesday, June 15, 2010 0 comments

ထိုင်းနိုင်ငံမှပေါ့အဆိုတော်ကြီး၏ဒေါ်အောင်ဆန်းစုကြည်အတွက်ဂုဏ်ပြုတေး



>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

ဦးအောင်ထူး၏ဥပဒေဆွေးနွေးပွဲ

Posted by မိတ်ဆွေ On Sunday, June 13, 2010 0 comments

မြန်မာနိုင်ငံ ရှေ့ နေများကောင်စီ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူး
သည် ယနေ့  တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ရှိ အမျိုးသားဒီမိုကရေစီ
ီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ကိုရီးယားဌာနခွဲတွင်တောင်ကိုရီးယားနိုင်ငံ
ရောက်မြန်မာနိုင်ငံသားများအား "မြန်မာပြည်တွင်းက လွတ်ငြိမ်းချမ်းသာခွင့်
ရရှိနေသော အခြေအနေများ ချုပ်ငြိမ်းစေခြင်းနှင့် တိုင်းရင်းသားပြဿနာများ
ကို ဥပဒေရှုထောင့်က သုံးသပ်ခြင်း" ဟူသောခေါင်းစဉ်ဖြင့် မြန်မာပြည်ဥပ
ဒေစိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွတ်မြောက်နယ်မြေ
ကိုရီးယားဌာနခွဲက စီစဉ်ကျင်းပခဲ့ပြီး ဘားမားအက်ရှင်ကိုရီးယားအပါအ၀င်
တောင်ကိုရီးယားနိုင်ငံရောက် မျိုးချစ်မြန်မာနိုင်ငံသားများ တက်ရောက်ခဲ့ကြ
သည်။

လာမည့်ဇွန်လ(၁၇)ရက်နေ့ တွင် ဘီအယ်လ်စီ အထွေထွေအတွင်းရေးမှူး
ဦးအောင်ထူးသည် ကိုရီးယားလွှတ်တော်အမတ်များ၊ လူ့ အခွင့်အရေးကော်
မရှင်ရုံးမှတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံရေးရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ 
ရှိကြောင်းလည်း သိရှိရပါသည်။

ဆွေးနွေးပွဲအပြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွတ်မြောက်နယ်မြေ
ကိုရီးယားဌာနခွဲမှ ဆွေးနွေးပွဲတက်ရောက်လာသူများအား မြန်မာမုန့် ဟင်း
ခါးဖြင့် ကျွေးမွေးဧည့်ခံခဲ့ပါသည်။

>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

တောင်ကိုရီးယားနိုင်ငံမှလက်မှတ်ထိုးကန်ပိန်း

Posted by မိတ်ဆွေ On Tuesday, June 8, 2010 0 comments

နအဖစစ်ခေါင်းဆောင်တို့ ကျင်းပမည့်၂၀၁၀ရွေးကောက်ပွဲအားဆန့့် ကျင်သည့်

ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုတစ်ရပ်အနေဖြင့်ယနေ့ တောင်ကိုရီးယားနိုင်ငံဆိုးလ်

မြို့ဟဲဟွာဘူတာအနီးတွင်လက်မှတ်ထိုးကန်ပိန်းပြုလုပ်ခဲ့ကြောင်းသိရှိရသည်။



အဆိုပါလက်မှတ်ထိုးကန်ပိန်းအားNLDအယ်လ်အေကိုရီးယား

(လွတ်မြောက်နယ်မြေ)၊ဘားမားအက်ရှင်ကိုရီးယားနှင့်မြန်မာ့ဒီမိုကရေစီအရေး

ကိုစိတ်ဝင်စားသောမျိုးချစ်မြန်မာများကစုပေါင်း၍ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။



၂၀၁၀ရွေးကောက်ပွဲအားဆန့် ကျင်သည့်အဆိုပါလက်မှတ်ထိုးကန်ပိန်းအား

(၆)လပိုင်း(၂၀)ရက်နေ့ တွင်ကျင်းပမည့်ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ ပွဲအထိပြုလုပ်သွားမှားဖြစ်ပြီးရရှိသောလက်မှတ်များအားကိုရီးယားသမ္မတ

ထံသို့ တိုက်ရိုက်ပေးပို့ သွားမှာဖြစ်ကြောင်းသိရှိရသည်။



>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

NLD ဆုံးဖြတ်ချက်ကို SNLDကြိုဆို

Posted by မိတ်ဆွေ On Thursday, June 3, 2010 0 comments

လာမဲ့ရွေးကောက်ပွဲမှာ ပါတီမှတ်ပုံမတင်ဖို NLD ပါတီရဲ့ 
ဆုံးဖြတ်ချက်ဟာပြည်သူတွေရဲ့  ကိုယ်စားမတရားတဲ့
ဥပဒေတွေကို ပြတ်ပြတ်သားသား ရပ်တည်ပြလိုက်တာလို့ 
SNLDပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်ကပြောကြားသွားပါတယ်။

တကယ်လို့  ပါတီဆက်ပြီးမှတ်ပုံမတင်ရင် အစိုးရးရွေးကောက်
ပွဲဥပဒေအရ ပါတီအဖြစ်ဆက်ရပ်တည်နိုင်မှာမဟုတ်ပေမယ့်
လူထုထောက်ခံမှု ရှိနေသေးတဲ့အတွက် လုပ်ပိုင်ခွင့်တွေဆက်
ရှိနေလို့ နိုင်ငံရေးကို လုပ်နိုင်သလောက် ဆက်တာဝန်ယူလိမ့်
မယ်လို့ ယုံကြည်ကြောင်းလည်း သူကပြောပါတယ်။ ပါတီမရှိ
ပဲနိုင်ငံရေးဆက်လုပ်ရတာ အန္တရာယ်များပေမယ့် ဒါဟာအစိုး
ရရဲ့ သတ်မှတ်ချက်အရ ပေါ်ပေါက်ရတာဖြစ်ပြီး နိုင်ငံတကာမှာ
ဒါမျိုးမရှိကြောင်း၊ လူထုထောက်ခံမှု၊ နိုင်ငံတကာပံ့ပိုးမှုနဲ့ 
ဥပဒေကင်းလွတ်တာတွေ ဆက်လုပ်မယ်ဆိုရင် လုပ်စရာတွေ
အများကြီးရှိကြောင်းလည်း ထောက်ပြသွားပါတယ်။ SNLDပါတီ
ကလည်း ရွေးကောက်ပွဲဝင်မှာမဟုတ်သလို အမြင်ချင်းတူတာ
တွေရှိတဲ့အတွက် ပူးပေါင်းဆောင်ရွက်လို့  ရမယ့်အလားအလာ
တွေရှိတယ်လို့ ဆိုပါတယ်။ SNLDကတော့ လူထုရဲ့လိုလားချက်
တွေမပြည့်ပြည့်အောင် နည်းလမ်းရှာ ဆောင်ရွက်သွားမယ်လို့ 
ဦးစိုင်းလိတ်က ပြောကြားသွားပါတယ်။
>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>